တပေါင်းလဘွဲ့

ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် 
သဇင်ကြွင်းငယ်နှင့် 
အင်ကြင်း သန္တာညွန့်ငယ်တို့
ဖူးကွန့်ကိုက်စည်။ 

ဘမရာ ရွှေပိတုန်းငယ်တို့ 
ချွေသုံးကြ၀တ်ရည်
ဆွတ်ကြည်ဘွဲ့ ဖော်ကွဲ။

ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်ထိုင်မှ
ဉာဏ်မခိုင် ဈာန်ယိုင်လျောရတယ်
ရာသီတွင် ခါညီပြောပေပ
ကြော၍သာမြဲ။

ဦးကြင်ဥ

No comments :

Post a Comment