တန်ခူးလဘွဲ့ (ရတု)

လေ၀န်းကဆင်၊ ရွက်ဟောင်းကျင်၍၊ ညွန့်ရှင်ဝေေ၀၊ ပင်တိုင်းထွေလျက်၊ တောင်လေဖြည်းပျ၊ မင်းလွင်စသော်၊ လွမ်းရဘွယ်သာ၊ သည်အခါဝယ်၊ အတာရေသွန်း၊ တန်ခူးဆန်းက၊ ရွှင်လန်းမပျော်၊ ညှိုးလျော်ပြိုက်သွယ်၊ ရွှေ များလယ်တွင်၊ ပြိုင်ဆွယ်မမျှ၊ လောကတန်ဆောင်၊ ရဲထွတ်ခေါင်ကြောင့်၊ တမ်းယောင်ဆိုကာ၊ ဖြေမသာသည်၊ ဗျာပါဝှန်စည် ပွားတော့သည်။

နွေဆန်းစတွင်၊ စုံမြိုင်ခွင်လည်း၊ မထင်ရွက်ကြမ်း၊ မြရည်လျှမ်းက၊ စိတ်ဝမ်းကွဲအောင်၊ တောနှင့်တောင်လည်း၊ ညိုယောင်မြမြ၊ ရွှန်းရွှန်းလှလျက်၊ ကာလရတု၊ ညွန့်နုစိမ်းညောင်း၊ မသာတောင်းလည်း၊ သက်ပေါင်းတင့်ခေါင်၊ ဆွေသည်နောင်နှင့်၊ ရည်စောင်သာရွှင်၊ ပန်းမြင်မြင်ကို၊ ယာဉ်ညင်သာလှ၊ ၀န်းရွှေကထက်၊ နွဲ့လျက်တူကွ၊ မ ဆွတ်ရဟု၊ ရှုတလှည့်ကာ၊ နန်းမြင့်ချာက၊ မယ်သာမျှော်ပျောင်း၊ မျက်ခြည်ညောင်းသည်။ တမ်းကြောင်းဖြေ ဆည်ထားတော့သည်။

ရေသွန်းလလျှင်၊ ရွှင်ပျပျော်ပါး၊ ဘော်ချင်းများနှင့်၊ ကစားသာကြည်၊ ပျော်ရမည်ကို၊ ဆွေသည်သက်မျှ၊ မွေးဘ မင်းတူ၊ ရှဲသူသက်ပေး၊ မစုံသေး၍၊ ရပ်ဝေးမြေရှည်၊ ခီလေသည်ကို၊ မျက်ခြည်ရှုညောင်း၊ ကြည့်တိုင်းပျောင်းမျှ၊ ပွင့်လောင်းနန်းရံ၊ ရဲတံခွန်က၊ သ၀န်ထွေလာ၊ ဆက်စာမြင့်မြဲ၊ ရောက်လာခဲ၍၊ ရိပ်ဝှဲခန်းချောင်၊ စိန်ညောင် ခြူးဆင့်၊ သလွန်မြင့်ထက်၊ ဖူးမြင့်မျှော်ငံ့၊ ဆွတ်ဆွတ်ပျံ့မျှ၊ သွယ်ညံ့ကေရှင်၊ သိမ်းမပြင်သည်၊ ရက်ဖျင်တာရှည် များတော့သည်။

ရဝေရှင်ထွေး (တောင်ငူခေတ်)

No comments :

Post a Comment