သာကူ အုန်းနို့ဆန်း

သာကူ (၄ ခုစာ)

အချိုပွဲ သာကူ အုန်းနို့ဆမ်း ပါ။ သာကူ အုန်းနို့ဆမ်းမှာ သာကူကို ကြိုပြီ ဌက်ပျောရွက်နဲ့ ထုတ်ပြီ တြိဂံပုံရအောင် အအေးခံထားပါသေးတယ်။ ပြီမှ အုန်းနို့ရည်၊ ထန်းလျက်ရည် ဆမ်းပြီ သုံးဆောင်ရတာပါ။ အမြင်လည်း ဆန်းပြီ အရမ်းလည်း စားကောင်းပါတယ်။ လုပ်ရတာလည်း လွယ်သည်မို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • သာကူ – ၂၀၀ ဂရမ်
  • အုန်းနို့ခရင်း – ၁၆၀ မီလီလီတာ
  • ထန်းလျက် – ၁၆၀ ဂရမ် (၁၀ကျပ်သား) (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • Padan (or) Apple green Essence – လက်ဖက်ရည်ဇွန်း တ၀က် (ဆူမွှေး (သို့) ပန်းသီး ရနံ့ပါတဲ့ အစိမ်းရောင် အရည်) (City Mart တွင် ၀ယ်ယူနိုင်သည်)
  • ဌက်ပျောရွက် – ၄ရွက်


ပြုလုပ်နည်း
၁။ အရင်ဆုံး ရေ(၃လီတာ) ကို ပွက်ပွက်ဆူအောင် တည်ထားထားပါ။
၂။ ပြီမှ သာကူများကို ထည့်ပြီ မွှေပေးပါ။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။

၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရေအေးပြန်စိမ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
၎။ သာကူကို ပန်းကန်နှစ်ခုထဲ ညီညီမျှမျှ ခွဲထည့်ပါ။ ပန်းကန်တစ်ခုထဲကို Padan (or) Apple အရည် ထည့်ပြီ အစိမ်းရောင်သာကူအားလုံး ဖုံးသွားသည်အထိ သမအောင်မွှေပေးပါ။

၅။ ပြီနောက် ဌက်ပျောရွက်ကို မီးအနည်းငယ်ပြပြီမှ ကန်တော့ပုံပြုလုပ်ပါ။

၆။ ဌက်ပျောရွက်ထဲကို သာကူအဖြူကို ကန့်တော့ တ၀က်ထည့်ပြီ အပေါ်မှ သာကူ အစိမ်းရောင် ထည့်ပါ။

၇။ တြိဂံပုံ ဌက်ပျော်ရွက်ကို သွားကြာထိုးတံဖြင့် ပိတ်ပြီ ထုတ်လိုက်ပါ။ ထိုနည်းအတိုင်း ကျန် သာကူ ၃ထုပ်ထုတ် ပေးပါ။

၈။ ထို့နောက် ဌက်ပျောရွက်နှင့် ထုတ်ထားသော သာကူများကို ရေခဲသေတ္တာ အပေါ်ထပ်တွင် နာရီဝက်(သို့) ၄၅မိနစ်ခန့် အအေးခံထားပါ။
၉။ သာကူ အအေးခံထားစဉ် ဒယ်ထဲ အုန်းနို့၊ ဆားထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့်တည်ထားပါ။ အမြုပ်များ ထလာလျှင် မီးပိတ်ပြီ အအေးခံထားပါ။
၁၀။ ထို့နောက် ထန်းလျက်ကို ဒယ်ထဲ ထည့်ပြီ ရေ(စားပွဲတင်ဇွန်း ၄ဇွန်း)ဖြင့် ထန်းလျက်ပျော်သည်အထိ တည်ပြီ ဘေးဖယ်ထားပါ။

၁၁။ သာကူ အအေးခံပြီလျှင် ဌက်ပျောရွက်ကို ဖယ်ပြီ ပန်းကန်တစ်ခုပေါ် တင်လိုက်ပါ။
၁၂။ အပေါ်မှ အုန်းနို့ရည် နှင့် ထန်းလျက်ရည်များကို ဆမ်းကာ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Watyee Food House ကူးယူပါသည်။

No comments :

Post a Comment