တန်ဆောင်မုန်းလဘွဲ့

လှူကထိန် သင်္ကန်းနှင့်
မဂ်လမ်းတဲ့ ဆုပန်းရွယ်
သည်ချိန်ကို ဝတ်မှုန်ကြဲလို့
ခဝဲရွှေညှာရင်းမှာ
သင်းရနံ့ကြွယ်။

ကောင်းကင်လယ်
ထက်ဝယ်ဘုံဦး
ငွေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ပြောင်ရွှန်းတယ်
ထွန်းထိန်လို့မြူး။

စာဆိုတော်ဦးမင်း။

No comments :

Post a Comment