တန်ဆောင်မုန်းလဘွဲ့

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ
ရွှေကျီးညို တာရာနှင့်
ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်
ချမ်းစရာသီ။

လှူကထိန် ခါတော်ပွဲငယ်နှင့်
ခဝဲပွင့် ဝါစီစီ
သာကြည်လဲ့ မြူးရှင်း။

လတန်ဆောင်မှာ
ကြွပြောင်ပြောင် အသရေတင့်ပါဘိ
ရွှေမြင့်မိုရ် ဝါထိန်ထိန်နှင့်
ခါအချိန် မြောက်လေသွေးတယ်
အေးတဲ့ငွေနှင်း။

ဦးပြုံးချို

No comments :

Post a Comment