တန်ခူးလဘွဲ့

ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်ကဲ့ နံ့ကြိုင်
သုတ်ဖြူးလေဆော်က
ပန်းကံကော် ဝတ်မှုန်ကျင်း
သင်းတဲ့လို့လှိုင်။

ကြယ်နှစ်ဆိုင်
သွယ်ပြိုင်ပဝင်း
စိတြငယ်နှင့်
ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း။

စာဆိုတော်ဦးမင်း

No comments :

Post a Comment