ကဆုန်လဘွဲ့

သာစွလေ
ခါနွေသဘင်၊ နှစ်သစ်ဝင်၍
ကောင်းကင် သော်တာ၊ ဝိသာခါနှင့်
ပြည့်လာ အညီ၊ ရာသီပြိဿာ
အလှကြိုင်မြူး၊ ကွန့်ဖူးစကား
လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ
ကဆုန်လဝယ်၊ လောကထွတ်ထား
ဘုရားသခင်၊ ရွှေပလ္လင်ထက်
ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်၌
ပေါက်သည်ကိုမူ၊ အကြောင်းယူ၍
မဉ္ဇူလှရာ၊ ပန်းတကာကို
မြူတာတကောင်း၊ မသင်းတောင်းဝယ်
သွန်းလောင်း ရေပြည့်၊ ဖြိုးမျှထည့်လျက်
ပတ်လှည့်ညာကြေ၊ သျှင်တော်မွေကို
ရိုသေသဘင်၊ ပွဲကြီးယင်၍
ကြည်လင်သဒ္ဓါ၊ ငြိမ့်ကြောင်းရှာသည်
အခါညောင်ရေ သွန်းတည့်လေ 
ပွင့်လင်းစည်သည်၊
ရွှေပြည်ရွှေဝ နန်းတည့်လေ။

ဦးအောင်ကြီး (အင်းဝခေတ် စာဆိုတော်)

No comments :

Post a Comment