ကဆုန်ကလဘွဲ့

ထွန်းရောင်ခြည် ရွှန်းလှလေ
သရေ၀န်းဝါ၊ လစန္ဒာနှင့်
ဝိသာခါစည့်၊ တူပြိုင်ပြည့်သား
သာသည့်အခါ၊ ပြိဿ ရာဟု
မြညှာဖြူးဖြူး၊ ကွမ်းဖူး စကား
ကြိုင်သည်သားနှင့်၊ ပျော်ပါးဖွယ်ချင်
သည်လတွင်၌၊ သာရွှင်ကြည်ထွေ၊
ပွဲညောင်ရေထက်၊ ထူးထွေရွှင်ပျော်၊
ညောင်ရေတော်ကို၊ နုမော်ဒနာ၊
ဝမ်းသာစိတ်သန်၊ အပြန်ပြန်တည့်။
ဖန်ဖန်ကူမ တောင်းရည်ဆောင်။       ။မြဲဆုလေ။

ဝန်ကြီးပဒေသရာဇာ

No comments :

Post a Comment