တပေါင်းလဘွဲ့

ပန်းရွှေဖီ ကြိုင်လှောက်လို့
ပိတောက်ကယ်တဲ့ သင်းချို
ဥတ္တရာ ဘရဂုဏ်က
တိမ်ဘုံမှာ ရောင်ချည်လင်းလို့
လမင်းသော်တာနှင့်
တူမကွာ ထိန်ဝါလဲ့
ထွန်းတဲ့ခါကို။

သောင်သဲငယ်မို
ရောင်ညိုရစ်မို့
လေညှင်းငယ်လာ
စုံဟေမာ မြိုင်ထဲက
ဝမ်းဘဲရွှေစင်ရော်တို့
တကြော်ကြော် မောင်နှံကြူးတယ်
မြူးပျော်ကြလို့။

စာဆိုတော်ဦးမင်း

No comments :

Post a Comment