တပို့တွဲလဘွဲ့

ရာသီချိန် ခါလှောက်လို့
လဲပေါက်ကယ်တဲ့ ပွင့်ညီ
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါ စေတီရင်းမှာ
ဆယ်စင်းလက်စုံကြူး
ဦးမြောက်လို့ချီ။

ငွေနှင်းရယ်စီ
သုံးလီသမယ
ရောင်ဖြိုးဝေစွာပ
မြင့်မြတ်ကယ် သင်္ချာနှင့်
ယုဂန်သာ တောင်တော်စွန့်မှာ
ထွန်းလိမ့်မာဃ။

စာဆိုတော်ဦးမင်း

No comments :

Post a Comment