ပြာသိုလဘွဲ့

ငွေသော်တာ စန္ဒနှင့်
ဖုသျှတဲ့ လမ်းဆုံ
တိမ်လွှာမှာ ရောင်ဝါကျင်းပါလို့
ထိန်ဝင်းစွာ တူပြိုင်ပတယ်
မြန်းကြခိုက်ကြုံ။

တောရဂုံ
မြိုင်စုံမြနန်း
နုစိမ်းစိုစိုနှင့်
ပန်းခွာညို ငုံတံထူးတယ်
ဖူးပွင့်ချက်ဆန်း။

စာဆိုတော်ဦးမင်း

No comments :

Post a Comment