နတ်တော်လဘွဲ့

ရှစ်ခွင်မှာ မြူဆင်းလို့
ငွေနှင်းတဲ့ နုစို
ဂမုန်းသဇင်တို့
စုံခွင်မှာ လေချိုညှင်းက
သုတ်သွင်း ဘယ်ညာနှံ့
သင်းပျံ့သကို။

ယုဂန္ဓိုရ်
တောင်မိုထိပ်ဖျား
ငွေလစန္ဒီနှင့်
မိဂသီ ရောင်ခြည်ဖြန်းတယ်
မြန်းကြွတူသွား။

စာဆိုတော်ဦးမင်း

No comments :

Post a Comment