သီတင်းကျွတ်လဘွဲ့

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်
ရွှေမန်းတောင်တော်ဦးမှာလ
ကွန့်မြူး မြင့်မိုရ်မီး
ညီးတဲ့ခါချိန်။

ရှိဦးငယ်နှိမ်
သုံးကြိမ်ပ ရိုပျောင်း
သက္ကစ္စဂါရဝါနှင့်
စည်အလာ ပူဇော်ပွဲပေမို့ကွယ်
နွှဲကြပုံမောင်း။

စာဆိုတော်ဦးမင်း

No comments :

Post a Comment