သီတင်းကျွတ်လဘွဲ့

ဆွတ်ဆွတ်သာကုံးတော့တယ်၊ သက်လုံးရောင်ညို့တဲ့၊ မှောင်မို့သည်။

ဆဲ့ငါးလုံးမှီ၊ သုံးပါဒ်ကယ်ညီသည်၊ တူရာသီလ၊ ဝေါဟာရမှာ၊ ဂြဟစန္ဒာ၊ ဂြိုဟ်စကြာနှင့်၊ အဿဝဏီ၊ နက္ခတ် မှီလို့၊ နာဂီတာရာ၊ ရောင်ညီဘဲသာတော့တယ်၊ သည်ဝါလကျွတ်ချိန်ကို၊ ကသစ်အိမ် မေရုကြောငယ်က၊ မြတ်စောဆွေသနင်းတို့၊ ဆင်းကြွပြန်လည်။

ဘာသဘင်ဝယ်၊ ရာခင်မှန်ပု၊ စောရန်ရှုလဲ၊ တောင်ဦးဗဟို၊ ပွဲမြင့်မိုရ်ဟု၊ ဟိုယံတခွင်၊ နန်းလွှတ်ပြင်သို့၊ ဗိုလ်ဝင်ရှုခံ၊ ရွှင်ထွက်ခံက၊ အလျှံပြောင်ပြောင်၊ မိုဃ်းလုံးပင်လောင်သည့်နှယ်၊ ဘုန်းခေါင်စုဠာ၊ ကြွယ်ဆုဘဲ သာကြတယ်၊ ဝါလျှံခြည်ငယ်၊ စံရည်နှိုင်းဖွဲ့လွမ်းစေဘို့။

ရွှေကြာငါးဆင့်၊ ငုံကားပွင့်သည်၊ ကန်အင်းအနေ၊ သာစတေမှာ၊ ကြည်းရေဆွတ်ဘွယ်၊ အသွယ်သွယ်ကို၊ ဘော်ဝယ်မဲ့မောင်၊ သလင်းညောင်က၊ ဆိုရောင်စောလယ်၊ ဗျာမောဘွယ်ကြွယ်တော့၊ ရှစ်နယ်လုံးတိုင်း အောင်မှာ၊ မှိုင်းပြာမှောင် တောင်ရံလိမ်းလို့၊ စိမ်းငဲ့မင်သို့။

ဉာဏ်ဝန်ကြီး ဦးဖြေ

No comments :

Post a Comment