တန်ဆောင်မုန်းလဘွဲ့

ကြင်ဘွယ်သာလှိုင်းတော့တယ်၊ ရှုတိုင်းဆယ်ထပ်က၊ ချယ်လျှပ်ရောင်။

ဆဲ့ရှစ်ကယ်လုံးညီ၊ ပါဒ်ပြည့်ငယ်မှီသည်၊ ရာသီကဏ္ဍ၊ ဒုတိယဟု ဗြိစ္ဆာ့ဝေါဟာ၊ သရဒါမှာ၊ စကြာဖလ်မြတ်၊ ယုန်ပြသာဒ်နှင့်၊ ကြတ္တိကကြယ်၊ တည့်မွန်းဆွယ်လို့၊ ရောင်နွယ်ယှဉ်ခါ၊ မြင်းတာရာလဲ၊ အာကာဘသွန်၊ သနားဘွယ်လွန်တော့တယ်၊ ဘုန်းမွန်ကြော့ယဉ်ဆောင်မှာ၊ မြင်အောင်လေသီသီကူးလို့၊ တောင်ဦးယုဂန်မြင့် မှာ၊ မြန်းတင့်အခေါင်။

ရုက္ခမှီငယ်၊ ဝါဒီမြတ်လေ့၊ ဓူတင်မွေ့သည်၊ တပသီကျော်၊ တောရပ်ပျော်တို့၊ လူ့ဘော်ယှဉ်ခါ၊ ဂါမဝါဟု၊ အရိယာမျိုး၊ သူတို့ကြိုးသည်၊ မဆိုးမစိမ်၊ ဖန်ရည်မှိန်လျက်၊ ကထိန်သကူ၊ ပွဲတော်မှာဆူတော့ပ၊ လှူတန် ဆောင်ငယ်၊ ရွှေရောင်ထွန်းညိသဘင်နှင့်။

ကျစည်ငယ်ဖြိုးလျက်၊ နတ်နိုးရက်မှာ၊ တောင်စက်ကယ်ဖျော့တော့၊ ဘွေပြော့ပြော့နှင့်၊ တောတောင့်ခန်းဝါ၊ တနန်းမှာလဲ ရောင်ဝါခဝဲ၊ ခိုင်းချင်းနွှဲသို့၊  ငှက်ပွဲတော်ကြင်၊ သိုက်စုလျားပြင်ကတယ်၊ သို့စင်ပွဲသာခေါင်ကို၊ ကြာ ဘွေဆောင်တဘော်မွေ့ငယ်တို့၊ လွမ်းကြွပွေဆင့်။

ဉာဏ်ဝန်ကြီး ဦးဖြေ

No comments :

Post a Comment