နတ်တော်လဘွဲ့

ငွေရည်သာကျင်းတော့တယ်၊ ဆီးနှင်းမှုံနှစ်နှင့်၊ ထုံရစ်ချယ်။

နှစ်ဆယ်အညီ၊ တပါဒ်ကယ်ချီကယ်၊ ရာသီဓနု၊ ခါရတုဝယ်၊ ဣန္ဒုစန်းဆောင်၊ ကြငှန်းညောင်နှင့်၊ ကြယ်ပြောင် မိဂသီ၊ တည့်မွန်းညီလို့၊ ရေမှီတံငါ၊ ဗျိုင်းတာရာလဲ၊ အဝေါရောင်လျှံ၊ နှစ်နန်းစံကြတယ်၊ ယုဂန်ကြော့ တောင် ယံမှာ၊ မှောင်ပြတန်လေချိုနွှဲလို့၊ ပုလဲချပ်ရောင်ညွန့်နှင့်၊ လွန်းကွန့်ထပ်လှယ်။

သာသနာဝယ်၊ မကွာစောင့်မှတ်၊ ရန်မျိုးပြတ်သည်၊ နတ်ကြီး စောဖျား၊ ခေါင်ထွတ်ထားလည်း၊ ရထားစက် တင်၊ ပွဲသဘင်ကို၊ နွှဲယှဉ်ထွက်စံ၊ ဗိုလ်ရှုခံလျက်၊ မြန်သပြေပိုင်၊ မုနောလဲပြိုင်တော့ပ၊ ရှစ်ဆိုင်နွယ်ငယ်၊ စမ္ပယ် နန်းမြင့်ဦးကင်က။

တောတောင်ဖြာညှို့၊ ဆီးရည်ပျို့သည်၊ သည်သို့အခါ၊ သည်ဂေါဇာဝယ်၊ ရွှေမလ္လာဆန်း၊ စိုနှင်းပန်းကို၊ ကြငှန်း ခေါင်ဘွေ၊ ရိပ်ကြီးနေတို့၊ ပန်ချွေကုံးဆင်၊ ညှာရိုးဘဲယင်ကြတယ်၊ သဘင်လဟေမာမှာ၊ ဘွေအာကာ ပဇ္ဇုန်မွန်း ငယ်တို့၊ ကျွန်းလိမ့်ပေစွ။

No comments :

Post a Comment