ပြာသိုလဘွဲ့

လေချိုသာသွန်းတော့တယ်၊ ငွေဝန်းကြူပွင့်နှင့်၊ မြူဆင့်ကာ။

နှစ်ဆဲ့နှစ်လီ၊ နှစ်ပါဒ်ကယ်ချီသည်၊ ရာသီပြာလ၊ မကာရမှာ၊ ဖုသျှကြယ်ပြောင်၊ ဝန်းတန်ဆောင်နှင့်၊ သန်းခေါင် ပုဏ္ဏမီ၊ စက်ဝန်းဘဲမှီကြတယ်၊ ဗာဟီရလမ်းပြင်မှာ၊ ရွှေသမင်တာရာမြူးလို့၊ တိမ်ဦးတောင်ယံကွေ့မှာ၊ ချမ်းမြေ့ ရောင်ဝါ။

ရာသီငယ်သာမြေ့၊ ခါဓလေ့မှာ၊ သပြေ့ဦးကင်၊ ရာဘုရင်လဲ၊ သဘင်ကျင်းခံ၊ မြင်းခင်းစံဟု၊ အလျှံကိုးထွေ၊ ဖြိုး သရေနှင့်၊ မိုဃ်းမြေနိမ့်ယောင်၊ ထမ်းပင်ဆောင်လို့၊ ပျံခေါင်မာတင်၊ မျှို့ဦးကင်ထက်၊ ဗိုလ်ဝင်ထွက်ပေါ်၊ မနော လဲပျော်တော့ပ၊ ဘော်ရံကာငယ်၊ မဟာမှူးပုံမတ်ရံက။

ခွာညိုငယ်နွယ်ပန်း၊ နှင်းထက်လန်းမှာ၊ မြပန်းသဇင်၊ ဂမုန်းအင်လည်း၊ ဦးကင်မှာဝယ်၊ ဆက်ရောက်လှယ် နှင့်၊ နန်းမယ်လေသူ၊ ဆောင်ရိပ်ဖြူက၊ နတ်မူမကန်၊ ဆင်းကုံးပန်လျက်၊ ဧကနံခြုံ၊ ရထည်လှုံလို့၊ နေရုံဆည်း ဆာ၊ ပျော်ပါရှားလိမ့်မယ်၊ ဟေမာလရက်မှန်မှာ၊ ဆက်သင်္ကြံဦးကင်ဖွင့်နှင့်၊ ရွှန်းတင့်ပေလှ။

ဉာဏ်ဝန်ကြီး ဦးဖြေ

No comments :

Post a Comment