တပို့တွဲလဘွဲ့

ဆွတ်ဆွတ်သာပျိုးတော့တယ်၊ မြူးခိုးငယ်ငွေနှစ်နှင့်၊ လေသစ်ဆင်။

နှစ်ဆဲ့လေးလီ၊ ပါဒ်သုံးငယ်ချီသည်၊ ရာသီကုံလက်၊ ယင်းသည်ရက်ဝယ်၊ ကနက်ကယ်စံဆောင်၊ ယုန်နန်း ညောင်နှင့်၊ ကြယ်ပြောင်မာဃ၊ နှစ်နန်းသလို့၊ ဘာရပဇ္ဇုန်၊ ထွက်ရိပ်ကယ်ဆုံကြတယ်၊ ပုဏ္ဏမီရက်ချိန်မှာ၊ စက် အာဟိန်သာဘွဲ့ရွှန်းလို့၊ ဘက်ဝန်းအာကာနွဲ့အောင် မှိုင်းဖွဲ့တိမ်ပြင်။

ရာသီဝယ်သာစွာ့၊ ခါသည်လမှာ၊ နဂါးရင်ငွေ့၊ ဂဠုန်မွေ့လို့၊ သပြေ့လက်ပံ၊ ဝှက်ကျံကျံနှင့်၊ ငုံလျှံပေါက်ဝါ၊ ပင် လုံးဖြာလို့၊ လူးလားသောက်ချို၊ ပျားကွန်းထောက်ခိုတော့ပ၊ ဖိုမယ်ကြင်ငယ်၊ သဘင်မြိုင်ပွဲက၊ ပျော်စလှည့်။

စုံခြေငယ်ခပင်း၊ ကုံရေငယ်သင်းသည်၊ မိုဃ်းကြွင်းလေကျန်၊ တညံညံ၊ ပဿံအတာ၊ သည်အခါဝယ်၊ ပွဲယာဂု လှူ၊ ပြည်လုံးဘဲဆူတော့တယ်၊ ထုံကြူတဲ့ဘွေပုံမှာ၊ ထပ်ဆယ်ခြုံလှူံရင်ဝေးသို့တို့၊ ဧစိမ့်သေချည့်။

ဉာဏ်ဝန်းကြီး ဦးဖြေ

No comments :

Post a Comment