တပေါင်းလဘွဲ့

ပြာရောင်သာလှိုင်းတော့၊ ရှုတိုင်းငွေနှစ်နှင့်၊ မြူသစ်မှောင်။

နှစ်ဆဲ့ခုနှစ်လီ၊ ပါဒ်ပြည့်မှီ၊ ရာသီမိန်လက်၊ ဆန်းသည့်ရက်ဝယ်၊ လက်ချက်ကယ်ညောင်၊ ဥဒေါင်းဆောင်လဲ၊ အခေါင်တည့်မတ်၊ ယုန်ပြသာဒ်နှင့်၊ ကြယ်မြတ်ဥတ္တရာ၊ ချိန်တာရာတို့၊ ရစ်ခါလှုံသည်၊ အာကာဘုံ၊ တဂုဏ် သစ်ပေငဲ့၊ ထွန်းမြူသစ်ရောင်။ 

ဂိမှန်နွေဝယ်၊ စုံမြိုင်မြသား၊ လေချိုရှားသည်၊ စုလျားသိုက်ပြင်၊ ငှက်ကျေးရွှင်လို့၊ တောင်ဆင်ရဲရည်၊ ရဂုံ ကြည်က၊ သီသံပြိုင်ငယ်၊ ဂနိုင်ရိပ်ခန်းခိုပေနှင့်။

ရွှေဖီငုံရင့်၊ ပင်တိုင်းပွင့်လို့၊ နန်းမြင့်ဘုံလယ်၊ ရိပ်ကြီးမယ်လဲ၊ ကေသွယ်မြိတ်ရှင်၊ ယဉ်တိုင်းဘဲဆင်ကြတယ်၊ ငွေစင်လသောင်ညီမှာ၊ သဲစေတီ သဘင်ချီးခါမို့၊ လွမ်းဖီခွေသင့်။

ဉာဏ်ဝန်ကြီး ဦးဖြေ

No comments :

Post a Comment