တန်ဆောင်မုန်းလဘွဲ့ (လူးတား)

သာစွလေ ရစ်ခွေပတ်လှည့် မိုးလပြည့်နှင့်၊ တူယှဉ်ပြိုင်လာ၊ ကြတ္တိကာတည့်၊ ဗြိစ္ဆာရာသီ ၊ နာရီညဥ့်တိုး၊ နတ်လည်းနိုး၍၊ သံမိုး ကုန်စဲ၊ နှင်းသေးဖွဲသည်၊ ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊ တိုင်ထွတ်ဖျားတွင် ငါးပါးကျိုးရှိ၊ မီးပွင့်ညှိ၍ ပြည်ကြီးဖွယ်ရာ သဒ္ဓါအားကြိုး၊ မသိုးသင်္ကန်း၊ လှူရွှင်လန်းသည်၊ ရဟန်းသံဃာ၊ အရိယာတို့ ၊ သစ္စာလေးစုံ ၊ရွှေစည်းခုံဝယ်၊ ကြည်ယုံလှလျှင် ပွဲပုံယင်လျက်၊ အောက်ထက်ကျော်ရှိန် ပြည်ကုချိန်သည်၊ ကထိန်လှူသင်္ကန်းတည့်လေး၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး။

စာဆိုတော်ဦးအောင်ကြီး

No comments :

Post a Comment