ပသျှူးသာကူယိုလုပ်နည်း


မြန်မာ နှစ်ကူး သင်္ကြန်အခါ နီးလာပြီမို့။ သင်္ကြန်တွင်း လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ သင်္ကြန်မုန့်လုပ်နည်းတွေကို အထူးတင်ဆက်ပေးသွားပါ့မယ်။ အရင်နှစ်က တင်ဆက်ပြီသား သင်္ကြန်မုန့်လုပ်နည်းတွေကိုလည်း ပိုမိုလွယ်ကူပြီ စားလို့ကောင်းတဲ့နည်းတွေနဲ့ ပြန်အသစ် မိတ်ဆက်ပေးသွားပါ့မယ်။ သင်္ကြန်တွင်း သင်္ကြန် မုန့်တွေလုပ်စားရင်း စိတ်ဧ။် ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Wutyee Food House မှ ဆုတောင်းပေးလိုက်ပါတယ်…

ဒါကေတော့ ပသျှူးသာကူးလေးပါ။ ပသျှူးသာကူက ရိုးရိုးသာကူလိုပဲ လုပ်ရတာပါ။ တချို့က ကန်စွန်းဥကိုပြုတ်ပြီ ထည့်တဲ့အတွက် ပိုပြီ ချိုပြီ စားလို့ကောင်းပါတယ်။ ၀တ်ရည်ကတော့ ကန်စွန်းဥအစား အာလူးကို ပြုတ်ပြီ ထည့်ထားပါတယ်။ ပသျှူးသာကူရဲ့ ထူးခြားချက်က ရိုးရိုးသာကူထက် ပိုချိုတဲ့ အရသာကို ရရှိမှာပါ။ လုပ်နည်းလေးကို တူတူလုပ်ကြည့်ရအောင်…


ပါဝင်ပစ္စည်းများ
၁။ သာကူစေ့ – ၄၀၀ ဂရမ် (သာကူ အစိမ်းရောင်ထုပ်)

၂။ သကြား – ၄၀ကျပ်သား
၃။ အုန်းနို့နှစ် – ၂၀၀ ဂရမ်
၎။ အာလူး – ၆လုံး (အလုံးကြီး)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ အာလူးများကို ရေဖြင့် နူအောင်အထိ ပြုတ်ပေးပါ။

၂။ အာလူးများ နူသွားမှ အခွံနွာပြီ လက်မ၀က်အရွယ် အတုံးလေးများ တုံးထားပေးပါ။
၃။ ထို့နောက် သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေ(၂လီလီတာ) ခန့်ထည့်ပေးပါ။
၂။ ထို့နောက် ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။
၃။ ပြီနောက် သကြားများထည့်ပေးပါ။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။
၎။ ထို့မှ ပြုတ်ထားသော အာလူးများ၊ အုန်းနို့နှစ်များထည့်ကာ ရောမွှေလိုက်ပါ။

၅။ ပြီလျှင် အပေါ်မှ အုန်းသီးလေးများဖြူးပြီ ပသျှူးသာကူကို ပူပူလေး သုံးဆောင်နိုင်ပါပြီ
Wutyee Food House မှ ကူးယူပါသည်။

No comments :

Post a Comment