သာခွေယိုင်လုပ်နည်း


ဝတ်ရည် အမေလက်ရာ သင်္ကြန်အတက်နေ့ အတွက် သာခွေယိုင်လေးပါ။ ကောက်ညှင်းချိတ်(အမဲ)ရယ် အုန်းနို့ရယ် တွဲစားရတဲ့ မြိတ်ရိုးရာမုန့်လေးပါ။ ချိုစိမ့်နေမို့ စားလို့ အရမ်းကောငးပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ကောက်ညှင်းချိတ် (အမဲ) – နို့ဆီဗူး ၃ဗူး
၂။ ဓနိပျား – ၂ခွက်

မှတ်ချက် ။ ။ ဓနိပျားဆိုတာ ထန်းလျက်လိုမျိုးပဲ။ ဒါပေမယ့် မြိတ်မှာတော့ ဓနိရည်နဲ့ လုပ်ထားတဲ့ ထန်းလျက်ကို ဓနိပျားလို့ ခေါ်တာပါ


၃။ သကြား – ၃၀ ကျပ်သား
၎။ အုန်းသီး – ၄လုံး (အရည်ညှစ်ထားပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ပြုလုပ်နည်း
၁။ အရင်ဆုံး ကောက်ညှင်းချိတ်များကို ရေဖြင့် ပြဲနေအောင် ပြုတ်ပေးပါ။ ပြုတ်နေစဉ်အတွင်း အိုးမကပ်အောင် အနည်းငယ် မွှေပေးပါ။

၂။ ကောက်ညှင်းချိတ်များ ပြဲသွားမှ ဓနိပျား၊ သကြား ထည့်ပေးပါ။
မှတ်ချက် ။ ။ ကောက်ညှင်းချိတ်တွင် ဆားမထည့်ရပါ။
၃။ ထို့နောက် ညှစ်ထားသော အုန်းနို့ရည် ကို ဆားဖြင့် ရောမွှေလိုက်ပါ။

၎။ ခွက်တစ်ခုထဲ တစ်ယောက်စာ ကောက်ညှင်းချိတ်များထည့်ပြီ အပေါ်မှ အုန်းနို့ရည်များ ဆမ်းလိုက်ပါ။

၅။ သင်္ကြန်အတက်နေ့အတွက် ချိုစိမ့်တဲ့ သာခွေယိုင်လေးကို သုံးဆောင်နိုင်ပါပြီ…

Wutyee Food House မှ ကူးယူပါသည်။

No comments :

Post a Comment